
စာအုပ်တွေ အထဲမှာ ဖတ်ခဲ့ဖူးတဲ့ အတိုင်းပဲလေ မိရိုးဖလာ buddha ဘာသာတဲ့။ အဖေအမေ ဘိုးဘွားတွေ buddha ဘာသာဝင်တွေဖြစ်နေလို့ ကိုယ်က buddha ဘာသာ ဖြစ်နေပေမယ့် မိမိတို့ရဲ့ ဘာသာကို သေချာလေ့လာလိုက်စားပြီးမှ တန်ဖိုးရှိတဲ့ အရာတွေကို တွေ့နိုင်မှာလေ။ ပေါ့ပေါ့ အေးအေးပဲ နေနေမယ်ဆိုရင် ကိုယ့်ဘာသာကို တန်ဖိုးမထားတက်ပဲ ကုသိုလ်တွေနဲ့ ဝေးရာ အကုသိုလ် အလုပ်တွေနဲ့ပဲ အနေနီးပြီး မြင့်မြတ်တဲ့ တရားတွေ နဲ့ ဝေးနေလိမ့်မယ်။ နောင်ဆိုရင် buddha ဘာသာအမည်ခံ ဘာသာရေး သေချာမသိတဲ့သူတွေဖြစ်သွားနိုင်တယ်။ ဒါကြောင့်တတ်နိုင်သမျှ လေ့လာဖို့ လိုပါတယ်လို့ လေးစားစွာဖြင့် အကြံပြုလိုပါတယ်။
No comments:
Post a Comment