
http://yamc.info/blogs/nyelinnnyo/wp-content/themes/diary/images/header.jpg
ခုတလော HIP HOP လောကမှာ အောင်မြင်နေတဲ့ အောင်ဖြိုးဆိုတဲ့ လူငယ်ပေါက်စ အဆိုတော်လေးရဲ့ ရင်တွင်းခံစားချက်များကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ညီလေး ဘယ်လိုသီချင်းတွေ ဖန်တီတတ်ပါသလဲ။
ပေါ့ပ်ထက် နည်းနည်းကြမ်းတဲ့ သီချင်းလေးတွေပါ။
ဘယ်လိုအချိန်မျိုးမှာ သီချင်းရေးရတာ အဆင်ပြေဆုံးလဲ ညီလေး။
စိတ်ညစ်နွမ်းနေတဲ့ အချိန်တစ်ခုခုမှာ ပေါက်ကွဲမှုတွေကို သီချင်းတွေနဲ့ လွင့်ထုတ်ရင်း ရေးဖြစ်သွားတာ များပါတယ်။ ခံစားချက်လည်း ပါတယ်လေ။ ကောာင်းပါတယ်။
ညီလေး ဘာတွေ ဆက်လုပ်သွားမလဲ။
HIP HOP လောကကြီးထဲကို ၀င်ရောက်ဖို့ ကြိုးစားနေပါတယ်။
ဘယ်သူ့ကို အကြိုက်ဆုံးလဲ။
ဂျေမီပေါ့။
နောက်ပြီးတော့
ဂျောက်ဂျက်။
သူက နည်းနည်းရိုင်းတဲ့ စာသားတွေ ဆိုတတ်တယ်နော်။ ညီလေး အားကျလို့လား။
သီချင်းဆိုတာကလည်း ခံစားမှုရှိလို့ ဖြစ်ပေါ်ခဲ့တာပါပဲ။ ကျွန်တော် သူ့သီချင်းတွေကို နားလည်ပါတယ်။ ခု သူစင်ပေါ်ရောက်တော့ ယဉ်ကျေးတဲ့စာသားတွေနဲ့ ကြမ်းကြမ်းလေးလဲ ဆိုတတ်တယ်လေ။ ဒါပါပဲ။ အကောင်းနဲ့ အဆိုးတွဲလျက်ပေါ့။ သူတော်ပါတယ်။
ညီလေး ရည်မှန်းချက်နဲ့ ဘယ်နှစ်နှစ်လောက် ကြိုးစားမယ်လို့ မှန်းထားလဲ။
ကျွန်တော် အသက်ရှင်နေသရွှေ့ပေါ့။
လေးစားပါတယ် ရက်ပါလေး ဖြိုးငယ် (ခေါ်) ကိုအောင်ဖြိုးနဲ့ BUKIT MERTAJAM TAMAN CIKU 2.မှာ ဆုံတွေ့ခိုက် မေးမြန်းဖြစ်ခဲ့ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
MC အောင်အောင်
No comments:
Post a Comment