Wednesday, August 10, 2011

အောင်ဖြိုးရဲ့ သီချင်းများကို အားပေးပါ


http://yamc.info/blogs/nyelinnnyo/wp-content/themes/diary/images/header.jpg

ခုတလော HIP HOP လောကမှာ အောင်မြင်နေတဲ့ အောင်ဖြိုးဆိုတဲ့ လူငယ်ပေါက်စ အဆိုတော်လေးရဲ့ ရင်တွင်းခံစားချက်များကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ညီလေး ဘယ်လိုသီချင်းတွေ ဖန်တီတတ်ပါသလဲ။
ပေါ့ပ်ထက် နည်းနည်းကြမ်းတဲ့ သီချင်းလေးတွေပါ။
ဘယ်လိုအချိန်မျိုးမှာ သီချင်းရေးရတာ အဆင်ပြေဆုံးလဲ ညီလေး။
စိတ်ညစ်နွမ်းနေတဲ့ အချိန်တစ်ခုခုမှာ ပေါက်ကွဲမှုတွေကို သီချင်းတွေနဲ့ လွင့်ထုတ်ရင်း ရေးဖြစ်သွားတာ များပါတယ်။ ခံစားချက်လည်း ပါတယ်လေ။ ကောာင်းပါတယ်။
ညီလေး ဘာတွေ ဆက်လုပ်သွားမလဲ။
HIP HOP လောကကြီးထဲကို ၀င်ရောက်ဖို့ ကြိုးစားနေပါတယ်။
ဘယ်သူ့ကို အကြိုက်ဆုံးလဲ။
ဂျေမီပေါ့။
နောက်ပြီးတော့
ဂျောက်ဂျက်။
သူက နည်းနည်းရိုင်းတဲ့ စာသားတွေ ဆိုတတ်တယ်နော်။ ညီလေး အားကျလို့လား။
သီချင်းဆိုတာကလည်း ခံစားမှုရှိလို့ ဖြစ်ပေါ်ခဲ့တာပါပဲ။ ကျွန်တော် သူ့သီချင်းတွေကို နားလည်ပါတယ်။ ခု သူစင်ပေါ်ရောက်တော့ ယဉ်ကျေးတဲ့စာသားတွေနဲ့ ကြမ်းကြမ်းလေးလဲ ဆိုတတ်တယ်လေ။ ဒါပါပဲ။ အကောင်းနဲ့ အဆိုးတွဲလျက်ပေါ့။ သူတော်ပါတယ်။
ညီလေး ရည်မှန်းချက်နဲ့ ဘယ်နှစ်နှစ်လောက် ကြိုးစားမယ်လို့ မှန်းထားလဲ။
ကျွန်တော် အသက်ရှင်နေသရွှေ့ပေါ့။
လေးစားပါတယ် ရက်ပါလေး ဖြိုးငယ် (ခေါ်) ကိုအောင်ဖြိုးနဲ့ BUKIT MERTAJAM TAMAN CIKU 2.မှာ ဆုံတွေ့ခိုက် မေးမြန်းဖြစ်ခဲ့ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
MC အောင်အောင်

Wednesday, November 24, 2010

ကျွန်တော့်မိန်းမ အေးဇင်မာ

သူမက ကျွန်တော့်ကို ချစ်တယ်
ခင်တယ်
ရိုက်တယ်

ညီမလေးတစ်ယောက်

သူမနာမည်ကတော့ ဆုဆုဖြစ်ပါတယ်။
သူမ မလေးရှားကို ရောက်တုန်း ကွန်ပျူတာ ပညာ သင်ကြားနေပါတယ်။

Friday, March 5, 2010

Sunday, October 25, 2009

မိသားစုကို အရမ်းလွမ်းတယ်ဗျာ

ကျွန်တော် အိမ်က ထွက်လာခဲ့တာ ကြာပြီဗျ။
ခုလေ အဖေ့ကိုလည်းအရမ်းလွမ်းတယ်
အမေနဲ့ ညီလေးကိုလည်း အရမ်းလွမ်းတယ်
ကျွန်တော်တို့အိမ်နားက သူငယ်ချင်းတွေအားလုံးနဲ့
ကျွန်တော်အဘိုးအဘွားတွေကိုကောပေါ့ဗျာ။

သင်နှင့် သင်၏ သူငယ်ချင်းများ

သင့်တွင် ကောင်းသောအရာများကိုလုပ်ဆောင်ရန် စိတ်အားထက်သန်သော သူငယ်ချင်းများစွာရှိလျှင် သင်လည်း ကောင်းသောအရာများ လုပ်ကိုင်လိုစိတ် များလာပေမည်။
ထိုမှမဟုတ် အပျက်သဘောဆောင်သော သူငယ်ချင်းများစွာရှိလျှင်
သင်သည် လမ်းမှားရောက်ဖို့ ရာခိုင်နှုန်းပိုများမည်ဖြစ်သည်။

သင် ဒီနေ့ ပညာတစ်ခုရခဲ့သလား

ရတော့ရခဲ့ပါသည်။ ခရီးသွားလာခြင်းပညာတစ်ခုပေါ့။ အခြားနိုင်ငံတစ်ခုမှာလေ ညဖက်ဆိုရင်တော့ ကိုယ့်နိုင်ငံလိုပါပဲ။ ထမင်းဆိုင်လေးက လမ်းဘေးမှာ။ ညနက်ပိုင်း မရောက်ဖူးတဲ့အရပ်မှာ ဟိုမေးဒီမေး ကားလာစီးတာပေါ့။
မေးတော့လည်း အဆင်ပြေသွားတာပါပဲ။ ယူ ၄၁ စီးလိုက်တာ ကေအန်ရောက်သွားတာပဲ။ မေးတတ်ဖို့ အတွက် စကားတတ်ဖို့တော့ လိုတယ်။ အခြားတပါးသော ညတစ်ညပေါ့။

Saturday, October 24, 2009

ယနေ့ ရောက်ရှိလာပါသည်

ယနေ့ ကျွနုပ်၏ လက်တွင်းသို့ ဆရာမင်းသိင်္ခ၏ တားရော့ အဟော ကဒ်ပြားလေးများ ရောက်လာသောကြောင့် တားရော့နှိုးရာတွင် ကောင်းကင်ဘုံကို မတိုင်တည်ပဲ တာသတိ့သာတွင်ရှိသော နတ်မြတ်နတ်ကောင်းများအား တိုင်တည်ပြီး တားရော့မေးကြည့်ရာ လွန်ခဲ့သော တစ်လ ယနေ့ နောက်လ မေးမြန်းကြည့်ရာ လွန်ခဲ့သောလနှင့် ယနေ့ မှန်ကန်သည်ကို တွေ့ရသောကြောင့် ထပ်မံ လေ့လာရဦးပေမည်။ စာအုပ်ထဲတွင်တော့ ဆရာက သူသည် ဆရာဖြစ်သလို သူသည် အရူးတစ်ယောက်လည်း ဖြစ်သည်တဲ့။

လူသားများ

လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းရှိစဉ် ပျင်းဖို့ကောင်းသော်လည်း
လူများလာလျှင် ပျော်လာပေသည်။
ထိုမှတဖန် ပြသနာများဖြစ်လာကာ
ထိုနောက်တွင်တော့ ပျက်ကြပေတော့သည်။
ထိုတစ်ဖန်
တစ်ယောက်တည်း ပြန်နေချင်ကာ
သံသရာ လည်နေပေတော့သည်

Friday, October 23, 2009

desing

ဆိတ်ငြိမ်ခြင်း


လူတွေအများကြားမှာ နေထိုင်ခြင်းဟာ ပေါင်းသင်းဆက်ဆံရေးအတွက် ကောင်းသလို
တစ်ယောက်တည်း ဆိတ်ငြိမ်စွာ နေခြင်းဟာလည်း စိတ်ကိုတည်ငြိမ်အေးချမ်းစေတယ်

Saturday, October 17, 2009

မြန်မာတွေရဲ့ ဘာသာရေးဟာလည်း အရေးကြီးလှပါတယ်


စာအုပ်တွေ အထဲမှာ ဖတ်ခဲ့ဖူးတဲ့ အတိုင်းပဲလေ မိရိုးဖလာ buddha ဘာသာတဲ့။ အဖေအမေ ဘိုးဘွားတွေ buddha ဘာသာဝင်တွေဖြစ်နေလို့ ကိုယ်က buddha ဘာသာ ဖြစ်နေပေမယ့် မိမိတို့ရဲ့ ဘာသာကို သေချာလေ့လာလိုက်စားပြီးမှ တန်ဖိုးရှိတဲ့ အရာတွေကို တွေ့နိုင်မှာလေ။ ပေါ့ပေါ့ အေးအေးပဲ နေနေမယ်ဆိုရင် ကိုယ့်ဘာသာကို တန်ဖိုးမထားတက်ပဲ ကုသိုလ်တွေနဲ့ ဝေးရာ အကုသိုလ် အလုပ်တွေနဲ့ပဲ အနေနီးပြီး မြင့်မြတ်တဲ့ တရားတွေ နဲ့ ဝေးနေလိမ့်မယ်။ နောင်ဆိုရင် buddha ဘာသာအမည်ခံ ဘာသာရေး သေချာမသိတဲ့သူတွေဖြစ်သွားနိုင်တယ်။ ဒါကြောင့်တတ်နိုင်သမျှ လေ့လာဖို့ လိုပါတယ်လို့ လေးစားစွာဖြင့် အကြံပြုလိုပါတယ်။

မြန်မာဆိုတာ ကူညီတတ်တဲ့သူများပါ

ဘယ်အရပ်ဒေသပဲ ရောက်ရောက် မြန်မာမှန်ရင်လေ တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီကြတာ အရင်းခံဗျ။
အဲ ခုနောက်ပိုင်းမှာတော့ တစ်ယောက်ကို တစ်ယောက် အသုံးချဖို့ ကြိုးစားလာကြသူတွေ များလာပါပြီ။
တစ်ယောက်ကြီးပွားတာကိုလည်း တစ်ယောက်က မမြင်လိုပါဘူး။
ဘာပဲဖြစ်ဖြစ်လေ ရိုးသားတဲ့ မြန်မာလေးတွေ ကျန်နေသေးတဲ့အတွက် ရင်အေးရပါသေးတယ်

Thursday, May 21, 2009

our group

our group

ko nanda leader editor
ko oo idea men
ko zaw paing manager
ko aung aung desinger

contant agammamyanmar book


we book contain
damma story and damma letter
poem
cartoon
interview
news
chating
friendship block
long story
shot story
sport
future astorology
history and etc

history of aggamyanmar journal


one of the motocycle is running on the penang, malaysia road, it carry two men, one is nanda and second is aung aung. they will created by aggamyanmar journal. time is 11 pm january 2009.
their journey is very far from working place and home. but they not care and working the hole night.
that nignt they sleepless and aggamyanmar journal 5 page of desing is appear. that is made in malaysia by myanmar people. so we love aggamyanmar and we will try best page for reader,all of the reader in the world, but our page is not good quality and nice story. so please see some time. thank you all,